Ultimate magazine theme for WordPress.

Breaking: စစ်အာဏာရှင် ​တော်လှန်ရေး ဒီနေ NUG အရေးပေါ် ကြေညာ

0



တနိုင်ငံလုံး အတိုင်းအတာနဲ့ လှည်းနေလှေအောင်မကျန် စက်အာဏာရှင်ကို စက်တင်ဘာ ၇ ရက်နေ့ကစလို့ တော်လှန်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့မနက် အရေးပေါ်မိန့်ခွန်း ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
PDF တပ်ဖွဲ့များအနေနဲ့ စစ်အာဏာရှင်နဲ့ ဒေါက်တိုင်အဖွဲ့စည်းများကို တိုက်ခိုက်ချေမှုန်းကြဖို့၊ ပြည်သူလူထုအနေနဲ့ မလိုအပ်ပဲ ခရီးမသွားပဲ တစ်ဦးချင်းလုံခြုံမှုကို အထူးဂရုစိုက်ဖို့၊ လိုအပ်မယ့် ရိကာဆေးဝါးတွေကို စုဆောင်းထားကြဖို့၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အားလုံးကလည်း အကြမ်းဖက်စစ်အုပ်စုကို ချက်ချင်းတိုက်ခိုက်သွားကြဖို့၊ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ပြည်သူ့အားနဲ့ တိုက်ဖျက်ကြဖို့အပြင် ယခုတော်လှန်ခြင်းသည် တရားမျှတသောတော်လှန်ခြင်း ဖြစ်ပြီး အာဆီယံ၊ ကုလနဲ့ နိုင်ငံတကာကနားလည်ပေးကြဖို့ အပါအဝင် အချက်(၁၄)ချက်ကို ထည့်သွင်း ပြောကြားသွားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် တော်လှန်ရေးအတွက် မြန်မာနိုင်ငံတဝန်းကို စက်တင်ဘာ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
#dvbtvnews #AcceptNUG #Dday

source

 

Leave A Reply

Your email address will not be published.